ရှမ်းပြည်နယ်

ပင်လုံမြို့၊ မြေစိုက်နံရံကပ်စာစောင်၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး ပြသဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး​ဦးစီးဌာန မြေစိုက်နံရံကပ်စာစောင်၌ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးစာစောင်များကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့ ကျက်သရေဆောင် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့အား အသစ်ပြန်လည်ဖွဲ့စည်းခြင်းအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ကျက်သရေဆောင် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့အား အသစ်ပြန်လည်ဖွဲ့စည်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရွှေတိဂုံစေတီတော်ဓမ္မာရုံအတွင်း၌ ကျင်းပပြုလုပ်သည်။

မိုင်းခုတ်မြို့၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး၊ တောမီးနှင့်အခြား မီးလောင်ကျွမ်းမှုများ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဟောပြောခဲ့ကြ​သည်။

တာချီလိတ်မြို့၌ ဒေသဖွံ့ဖြိုးရေး လမ်း၊ တံတားလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ဒေသဖွံ့ဖြိုးရေး လမ်း၊ တံတားလုပ်ငန်းများကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတို့ ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပင်းတယမြို့နယ်၊ နန်းကုန်းကျေးရွာအုပ်စု၊ ငဖိန်းအင်းကွင်းအတွင်း၌ မွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ နန်းကုန်းကျေးရွာအုပ်စုအတွင်းရှိ ငဖိန်းအင်းကွင်းအတွင်း၌ မွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက သွားရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဟိုပုံးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ဟိုပုံး)နှင့်  စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာ ဒေါက်တာခင်စန်းမော်၏ “ပညာရှင်စိတ်ထား” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ဟိုပုံးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

နမ့်စန်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအတွက် ပူးပေါင်းအဖွဲ့စုံဖြင့် ရှောင်တခင်စစ်ဆေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရေး၊ တရားမဝင်ကုန်စည်များ သယ်ယူပို့ဆောင်ခြင်း မရှိစေရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအတွက် သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ယမန်နေ့ နေ့လယ် ၂ နာရီက အမှတ်(၂)ရပ်ကွက် မြို့နယ်ခန်းမရှေ့ ပြည်ထောင်စုလမ်းမကြီးပေါ်နှင့် နမ့်စန်-မိုးနဲ မြို့အဝင် စစ်ဆေးရေးဂိတ်တို့တွင် ရှောင်တခင်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့်စက်ရုံ/အလုပ်ရုံများ ဖော်ဆောင်ရေး ဆုစိစစ်ရွေးချယ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး၍ အမှတ်ပေးခြင်းများဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့်စက်ရုံ/အလုပ်ရုံများ ဖော်ဆောင်ရေး ဆုစိစစ်ရွေးချယ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး၍ အမှတ်ပေးခြင်းလုပ်ငန်းအား ဖေဖော်ဝါရီလ ၂၃ ရက်က ကျိုင်းတုံမြို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၂)နှင့် တောင်ကြီးခရိုင်၊ မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ တွေ့ဆုံ

ရှမ်းပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၂)နှင့် တောင်ကြီးခရိုင်၊ မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက ခရိုင်/မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေ အသိပညာပေးရှင်းလင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေ အသိပညာပေးရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အားကစားကွင်း မိုလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရှမ်းပြည်နယ်