မိုင်းပျဉ်း ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ နားဇရက် မူလတန်းကြိုကျောင်း၏ ကျောင်းဆင်းပွဲနှင့် ဂုဏ်ပြုလွှာပေးအပ်ပွဲ အခမ်း အနားကို ယနေ့နံနက် (၉) နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားပထမပိုင်း အစီအစဉ်အရ နားဇရက်မူကြိုကျောင်းမှ မူကြိုလေးများက မူကြိုတေးကဗျာဖြင့် အဖွင့်သီချင်း သီဆိုဖျော်ဖြေ၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့သည်။ ထို့နောက် နားဇရက်မူကြိုကျောင်း ကျောင်းအုပ်စစ္စတာရ်ကြီး ရို(စ့်)မေရီခင်ပန်းနှင့် အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူး ဒေါ်နန်းဝိုးစိန်တို့က အမှာစကားများ အသီးသီးပြောကြားခဲ့ကြသည်။ ဆက်လက်၍ မူကြိုကျောင်းဆင်း ကလေးငယ်များအား တာဝန်ရှိသူများက ကျောင်းပြီးဆုံးကြောင်း ဂုဏ်ပြုလွှာများပေးအပ်ကာ တက်ရောက်လာကြသော ဧည့်သည်တော်များနှင့် ကျောင်းကော်မတီ အဖွဲ့ဝင်များစုပေါင်း၍ အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြကြောင်း သိရသည်။
နားဇရက် မူလတန်းကြိုကျောင်း၏ ကျောင်းဆင်းပွဲနှင့် ဂုဏ်ပြုလွှာပေးအပ်ပွဲအခမ်းအနား ဒုတိယပိုင်းတွင် မူကြိုကလေးငယ်များ၏ အကဒေသာများဖြင့်ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး၊ အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ တာဝန်ခံကျောင်းအုပ်ကြီးနှင့် မူကြိုဆရာမများ၊ မူကြိုသားငယ်/သမီးငယ်များ၊ ကလေးမိဘများ စုံလင်စွာတက်ရောက်ခဲ့ကြကြောင်း သိရသည်။
နန်းသန္တာဦး(ပြန်/ဆက်)