ပင်းတယ ဖေဖော်ဝါရီ ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ နန်းကုန်းကျေးရွာအုပ်စုအတွင်းရှိ ငဖိန်းအင်းကွင်းအတွင်း၌ မွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက သွားရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း စားရေရိက္ခာဖူလုံရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေရေးအတွက် နန်းကုန်းကျေးရွာအုပ်စု၊ ငဖိန်းအင်းကွင်းအတွင်း၌ မွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်စစ်ဆေးခဲ့ကြရာ တာဝန်ရှိသူများမှ လိုက်လံရှင်းလင်းပြသပေးခဲ့ကြသည်။
ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် စိုက်ပျိုးရေး၊ မွေးမြူရေးအတွက် အသုံးပြုရန် လိုအပ်သည့်ရေများနှင့် သောက်သုံးရေလုံလောက်စွာရရှိရေးအတွက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ နန်းကုန်းကျေးရွာအုပ်စု၊ ပေါစံသီးကျေးရွာအနီးရှိ မွေးမြူရေးဇုန်ဧရိယာအတွင်း၌ အကောင်အထည်ဖော်ဆောက်ရွက်လျက်ရှိသည့် ဆိုလာစနစ်စက်ရေတွင်းနှင့် ရေလောင်ကန်တည်ဆောက်နေမှု အခြေအနေများ၊ ငဖိန်းအင်းကန်ပြုပြင်တည်ဆောက်နေမှုအခြေအနေများ၊ ရှင်းလင်းဆောင်နှင့် ဆိုလာလျှပ်စစ် ဓာတ်အားပေးစက်ရုံတည်ဆောက်ရန်အတွက် မြေနေရာများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသပေးခဲ့ကြပြီး လုပ်ငန်းအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များနှင့် ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲများကို ရှင်းလင်းတင်ပြကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)