ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့်စက်ရုံ/အလုပ်ရုံများ ဖော်ဆောင်ရေး ဆုစိစစ်ရွေးချယ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး၍ အမှတ်ပေးခြင်းများဆောင်ရွက်

ကျိုင်းတုံ ဖေဖော်ဝါရီ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့်စက်ရုံ/အလုပ်ရုံများ ဖော်ဆောင်ရေး ဆုစိစစ်ရွေးချယ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး၍ အမှတ်ပေးခြင်း လုပ်ငန်းအား ဖေဖော်ဝါရီလ ၂၃ ရက်က ကျိုင်းတုံမြို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်‌ဆေး အမှတ်ပေးဆောင်ရွက်ရာတွင်  ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့်စက်ရုံ/အလုပ်ရုံများ ဖော်ဆောင်ရေးဆု စိစစ်ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဦးဇော်လွင်ဦး၊ ကျိုင်းတုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကျိုင်းတုံမြို့အား ဆုရွေးချယ်ရေး သတ်မှတ်ထားသည့် အခြေခံစံနှုန်း၊ အညွှန်းကိန်းများ စိစစ်ရေးအခြေအနေများအား ကွင်းဆင်းကြည့်ရှု၍ အမှတ်ပေးခြင်းများ ဆောင်ရွက်ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော မြို့နှင့်စက်ရုံ/အလုပ်ရုံများ ဖော်ဆောင်ရေး ဆုစိစစ်ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌက လိုအပ်သည်များပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

အောင်ဇင်မြင့်(ပြန်/ဆက်)