ရှမ်းပြည်နယ်

ပင်လုံမြို့၌ မူလမင်းကွန်းဇေတဝန်သာသနာ့မာရ်အောင် ပန်မုန့်ကမ္မဋ္ဌာန်းတိုက်(၅၉)ကြိမ်မြောက် မဟာသတိပဋ္ဌာန်ညီလာခံနှင့် ရွှေရတုကျောင်းဆောင်သစ်ဖွင့်ပွဲ ကျင်းပနိုင်ရေး အနီးကပ် အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ မူလမင်းကွန်းဇေတဝန် သာသနာ့မာန်အောင် ပန်မုန့်ကမ္မဋ္ဌာန်းတိုက် (၅၉) ကြိမ်မြောက် မဟာသတိပဋ္ဌာန်ညီလာခံနှင့် ရွှေရတုကျောင်းဆောင်သစ်ဖွင့်ပွဲ ကျင်းပနိုင်ရေး အနီးကပ်အစည်းအဝေးကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က မူလမင်းကွန်းပန်မုန့်ကမ္မဋ္ဌာန်းတိုက်တွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံခရိုင်အတွင်း အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်အတွင်း အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကျိုင်းတုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းခတ်မြို့၌ ဌာနဆိုင်ရာများပါဝင်သောအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့ပေါ်ကျေးရွာနှင့် ဝေးလံသော တောင်ပေါ်ကျေးရွာများ၌ နယ်မြေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းအဖွဲ့သည် ယနေ့နံနက် (၁ဝ) နာရီအချိန်က ဖာလန်ကော်ကျေးရွာအုပ်စု၊ နမ့်တာပီးကျေးရွာခန်းမ၌ ‌ပြုလုပ်ခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ် တောင်ပိုင်း၊ နမ်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ပင်းတယမြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များနှင့် Recycle Bag များ ဖြန့်ဝေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပြည်သူများသိရှိလိုက်နာဆောင်ရွက်တတ်စေရန် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များနှင့် Recycle Bag များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ပင်းတယမြို့၊ မြို့မဈေးအတွင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နောင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းခတ္တာမောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တတ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များအား လစာ၊ စရိတ်နှင့် ချီးမြှင့်ငွေများ ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များအား လစာ၊ စရိတ်နှင့် ချီးမြှင့်ငွေများပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းပျဉ်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးအတွက် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ကျေးရွာများသို့ ကွင်းဆင်း၍ ဟောပြာပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများစုပေါင်း၍ ဒေသဖွံ့ဖြိုးရေးအတွက် စစ်ကြောင်းကြီး (၅)ကြောင်းမှ ဒေသတွင်းကွင်းဆင်းဟောပြောခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဖာဝေါကျေးရွာအုပ်စုနှင့် နောင်ကွဲကျေးရွာအုပ်စုများ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မိုးနဲမြို့နယ်ရှိ (၆၆)ကေဗွီဓာတ်အားခွဲရုံ၌ မီးဘေးအန္တရာယ်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာ‌ပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီအချိန်က မြို့နယ်လျှပ်စစ်ဌာနနှင့်ပူးပေါင်း၍ ကတ်နောက်ကျေးရွာရှိ (၆၆)ကေဗီ ဓာတ်အားခွဲရုံနေရာ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး  သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွန်ဟိန်းမြို့နယ်တွင် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အတန်းတင်စာမေးပွဲဖြေဆိုမည့်ကာလအတွင်း မီးဘေးအန္တရာယ်များမဖြစ်ပွားစေရေးအတွက် မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီတွင် အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

မိုင်းစံမြို့တွင် Biometric(ဇီဝဆိုင်ရာ)အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးမှ eID တာဝန်ခံ ဒုလဝကမှူး ဦးစိုင်းမျိုးကျော်နှင့် ဝန်ထမ်းများအဖွဲ့က မိုင်းစံမြို့ မြို့ပေါ်နှင့် ကျေးရွာနေ နိုင်ငံသားစိစစ်ရေးကတ်ပြားရှိပြီးသူများအား ပထမနေ့ Biometric UID စာရင်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်