ရှမ်းပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၂)နှင့် တောင်ကြီးခရိုင်၊ မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ တွေ့ဆုံ

တောင်ကြီး ဖေဖော်ဝါရီ ၂၅

ရှမ်းပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၂)နှင့် တောင်ကြီးခရိုင်၊ မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက ခရိုင်/မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်သူ့စစ်မှုထမ်းဆင့်‌ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌ (၂)၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး  ဗိုလ်မှူးကြီး စိန်ဝင်းက အဖွင့်အမှာစကားနှင့်အတူ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းရခြင်းအကြောင်းအရင်း၊ ရည်ရွယ်ချက်၊ အဆင့်ဆင့်လုပ်‌ဆောင်ရသည့်လုပ်ငန်းစဉ်နှင့် ရွှေ့ဆိုင်းခွင့်ရှိသည့်ပုဂ္ဂိုလ်များ၊ ကင်းလွတ်ခွင့်ရှိသည့် ပုဂ္ဂိုလ်များ၊ ဆင့်ခေါ်သည့် အဆင့်အလိုက် လာရောက်ရန်ပျက်ကွက်ပါက ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားပြီးနောက် ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးတင့်လှိုင်က နိုင်ငံတော်ကာကွယ်ရေးတာ၀န်များ၊ တာ၀န်ဖြစ်သည့် စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသူများ၊ စစ်မှုထမ်းရန်ကာလ၊ စစ်မှုထမ်းခြင်းမှကင်းလွတ်ခွင့်၊ ရွှေ့ဆိုင်းခွင့်နှင့် လျှော့ပေါ့ခွင့်ရရှိသူများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေသည် ရှောင်လွှဲတိမ်းရှောင်၍မရကြောင်း၊ စစ်မှုထမ်းခြင်းမှကင်းလွတ်ခွင့်ရ ရန်ဥပဒေ၊ နည်းဥပဒေနှင့်အညီ လျှောက်ထားပုံနည်းလမ်းများစသည်ဖြင့် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်ပြီး မြိုနယ်ပြည်သူ့စစ်မှုထမ်းဆင့်‌ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြတ်သူက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဖွဲ့စည်းထားရှိခြင်း၊ လက်ရှိ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး စစ်မှုထမ်းလုပ်ဆောင်နေမှု အခြေအနေများ၊ ပုံစံ(၁)မှ ပုံစံ(၁၂)အထိ ချပြရှင်းလင်းခြင်းနှင့် စစ်မှုထမ်းရန်ဆင့်ခေါ်ရာတွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ဆောင်ရွက်ရမည့် လုပ်ငန်းတာ၀န်များကိုလည်းကောင်း၊ စစ်မှုထမ်းရန်ဆင့်ခေါ်ချိန် ရှောင်လွှဲရန်အားပေးကူညီသူ၊ ပျက်ကွက်သူများ ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကိုလည်းကောင်း အသိပညာပေးရှင်းလင်း ဆွေးနွေးခဲ့ကြသည်။ 

ထို့နောက် ပြည်သူ့စစ်မှုထမ်းဆင့်‌ခေါ်ရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ (၂)၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး  ဗိုလ်မှူးကြီး စိန်ဝင်းက ပြည်သူ့စစ်မှုထမ်းရန်ဆင့်ခေါ်ရာတွင် ဥပဒေနှင့်အညီ လုပ်ဆောင်ကြရန်နှင့် ပြည်သူများအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးဝာာ၀န်ကို တစ်ဖက်တစ်လမ်းမှ ပူးပေါင်းပါ၀င်ဆောင်ရွက်ပေးစေလိုကြောင်း ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

စိုင်းသန်းကျော်၊ ပြည်နယ်(ပြန်/ဆက်)