တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ လွိုင်လင်မြို့နယ်မှ ကျောင်းသား/သူ (၅၀၇) ဦး ဝင်ရောက်ဖြေဆိုမည်
၂၀၂၅ ခုနှစ်၊ မတ်လတွင် ကျင်းပမည့် အခြေခံပညာအဆင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲသို့ ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်မှ ကျောင်းသား/သူ (၅၀၇) ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။