မိုင်းတုံ မတ် ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ခရိုင်အစည်းဝေးခန်းမတွင် ခရိုင်/မြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယနေ့ ၁၀ နာရီအချိန်က ပြုလုပ်ရာ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။
ရှေ့ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ချက်နှင့် ပြည်နယ်ဘတ်ချက်ဖြင့် ဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံလုပ်ငန်းစီမံကိန်းများမှာ ဘတ်ချက်ပိတ်ကာလဖြစ်သည့်အတွက် လုပ်ငန်းများအားလုံး ဘတ်ချက်အမှီပြီးစီး၍ သတ်မှတ်စံချိန်ပြည့်စေရေး၊ မပြီးသေးသည့် လုပ်ငန်းကိုလည်း အမြန်ပြီးစီးအောင်လုပ်ဆောင်ပြီး၊ အချိန်နှင့်တစ်ပြေးညီ တင်ပေးကြရန် အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်မှူး ဦးသိန်းဇော်ဝင်းကလည်းကောင်း၊ မြို့နယ်စီမံကိန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာအောင်ကလည်းကောင်း ဒေသဖွံ့ဖြိုးရေးအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ချက်နှင့် ပြည်နယ်ဘတ်ချက်ဖြင့် ဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ရန်လိုအပ်ချက်များကို အကျယ်တစ်ဝန်းရှင်းလင်းပြီးနောက် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်နေသည့် ဌာနအလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်နေသည့် အချက်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)