တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ လွိုင်လင်မြို့နယ်မှ ကျောင်းသား/သူ (၅၀၇) ဦး ဝင်ရောက်ဖြေဆိုမည်

လွိုင်လင် မတ် ၄

၂၀၂၅ ခုနှစ်၊ မတ်လတွင် ကျင်းပမည့် အခြေခံပညာအဆင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲသို့ ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်မှ ကျောင်းသား/သူ (၅၀၇) ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နိုင်ငံအဝန်း စာစစ်ဌာန အသီးသီးတွင် တစ်ပြိုင်တည်း ကျင်းပတော့မည်ဖြစ်သည်။ ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်တွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း လွိုင်လင်နှင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပင်လုံတို့တွင် စာစစ်ဌာန နှစ်ခု ဖွင့်လှစ်ထားသည်။ ကျောင်းသူ/သားများ စိတ်အေးချမ်းမြေ့စွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် သက်ဆိုင်ရာ ခရိုင်/မြို့နယ် အဆင့် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာများက မီးဘေးလုံခြုံရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးကိစ္စများကို အထူးအလေးပေးကာ စနစ်တကျ စီမံဆောင်ရွက်ထားကြောင်း သိရသည်။

လွိုင်လင်မိုး