မိုင်းဖြတ်မြို့နယ်၌ ဧက (၅၀) ဖရဲစိုက်ခင်း ​အောင်မြင်ဖြစ်ထွန်း​နေမှုအား ​တောင်သူများ ကွင်းဆင်းလေ့လာ

မိုင်းဖြတ် မတ် ၄

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဒေသအတွင်း သီထပ်စွမ်းအား စိုက်ပျိုးမှုမြင့်မားလာ​စေရန်ရည်ရွယ်ပြီး ​ပါညု​ကျေးရွာအတွင်း ဧက (၅၀) ဖရဲစိုက်ခင်း ​အောင်မြင်ဖြစ်ထွန်း​နေမှု အ​ခြေအ​နေများကို ယနေ့နံနက်ပိုင်း ​တောင်းသူများက ကွင်းဆင်း​လေ့လာခဲ့​ကြောင်း သိရသည်။

​ရှေးဦးစွာ ဖရဲစိုက်ခင်းတာဝန်ခံများက စိုက်နည်းစနစ်များ၊ ​နေစဥ်​ဆောင်ရွက်ရသည့် ​ရေ​လောင်း၊ ​ပေါင်းတင်ပြုစုပျိုး​ထောင်ရသည့် အ​ခြေအ​နေများကို ရှင်းလင်း​ပြောကြားခဲ့သည်။ ထို့နောက်  ​လာ​ရောက်​လေ့လာကြသည့် အိုက်လုံ၊ အိုက်ငို့၊ မိုင်းဖြတ်၊ နမ့်ကုန်း​ကျေးရွာများမှ ​တောင်သူများက ဧက (၅၀) ဖရဲစိုက်ခင်းအားလက်​တွေ့ ​လေ့လာခဲ့ကြ​သည်။  

အဆိုပါ ဖရဲစိုက်ပျိုးခြင်းသည် တောင်သူနှင့် ကုမ္မဏီအကျိုးတူဆောင်ရွက်ခြင်းဖြစ်ပြီး တောင်သူများဝင်ငွေတိုးတက်ရရှိပြီး ဖရဲစိုက်ပျိုးမှု နည်းပညာများကို ​လက်​တွေ့ကျကျရရှိ၍ ​ဒေသအတွင်း သီးထပ်စိုက်ပျိုးမှုစွမ်းအား မြင့်မားလာမည့်အပြင် နီးစပ်ရာ​ဒေသခံများ အလုပ်အကိုင်များ ရရှိ​မည်ဖြစ်​ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။ 

မိုင်းဖြတ်မြို့နယ်တွင် ​ဒေသခံတောင်သူ အများစုသည်။ သီးထပ်စိုက်ပျိုးခြင်းကို မိုးစပါးရိတ်သိမ်း ချိန်များအပြီး ဖရဲ၊ သခွား၊ ​ပြောင်းဖူး၊ ကြံနှင့် အခြား ဟင်းသီးရွက်များကို တစ်နိုင်တစ်ပိုင်သာ အများအပြားစိုက်ပျိုးကြပြီး စီးပွားဖြစ်စိုက်ပျိုးသူများမှာ အနည်ငယ်သာရှိ​ကြောင်း ​ဒေသခံများ၏​ပြောပြချက်အရ သိရသည်။ 

သန်းထွန်း​အေး(ပြန်/ဆက်)