မိုးနဲမြို့နယ်၌ ၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade-5 နှင့် အလယ်တန်းအဆင့် Grade-9 ပြီးမြောက်မှု နှစ်ဆုံးစာမေးပွဲ စတင်ဖြေဆို

မိုးနဲ မတ် ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အခြေခံပညာကျောင်းများရှိ စာစစ်ဌာနအသီးသီးတွင် ၂၀၂၅ ခုနှစ် ပညာသင်နှစ် မူလတန်းဆင့် Grade-5 နှင့် အလယ်တန်းဆင့် Grade-9 ပြီးမြောက်မှု နှစ်ဆုံးစာ‌မေးပွဲကို ယမန်နေ့နံနက် ၉ နာရီက ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။

ခရိုင်အဆင့်စစ်ဆေးသော အခြေခံပညာမူလတန်းအဆင့် Grade-5 တွင် စာစစ်ဌာန ()ခု၌ စာရင်းရှိ (၇၀၉)ဦး၊ ဖြေဆိုသူ (၆၉၂)ဦးရှိသဖြင့် ဖြေဆိုသူရာခိုင်နှုန်း (၉ ဒသမ ၆၀) ဖြစ်ပြီး ပြည်နယ်အဆင့်စစ်ဆေးသော Grade-9 တွင် စာစစ်ဌာန ()ခု၌ စာရင်းရှိ (၂၄)ဦး၊ ဖြေဆိုသူ (၂၃)ဦးဖြစ်ပြီး ဖြေဆိုသူရာခိုင်နှုန်း ( ၉ ဒသမ ၅၄)ရှိကြောင်း သိရသည်။

မူလတန်းအဆင့် Grade-5 စာမေးပွဲကို မတ်လ ၃ ရက်နေ့မှ ၇ ရက်နေ့ထိလည်းကောင်း၊ အလယ်တန်းအဆင့် Grade-9 စာမေးပွဲကို မတ်လ ၃ ရက်နေ့မှ ၈ ရက်နေ့ထိလည်းကောင်း ဖြေဆိုသွားမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုရာစာစစ်ဌာနများ၌ ကျောင်းသားကျောင်းသူများ အဆင်ပြေစွာ ဖြေဆိုနိုင်ရန်အတွက် သက်ဆိုင်ရာစာ‌မေးပွဲကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများက  ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)