မိုင်းဆတ် မတ် ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့ ခရိုင်နှင့်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၅ ခုနှစ်၊ နွေရာသီ အခြေခံအားကစားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက အဖွင့်အမှာစကားပြောကြားရာ၌ နွေရာသီကျောင်းပိတ်ရက်ကာလများအတွင်း ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး ကျန်းမာကြံ့ခိုင်သည့် လူငယ်၊ လူရွယ်များ ဖြစ်ပေါ်လာစေရန်၊ မိမိဝါသနာပါရာ အားကစားနည်းကို လေ့လာလိုက်စားခြင်းမှတစ်ဆင့် ကျွမ်းကျင်တတ်မြောက်ပြီး စဉ်ဆက်မပြတ်လေ့ကျင့်ကာ မြို့နယ်၊ ခရိုင် ထိုမှတစ်ဆင့် ပြည်နယ်ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားပြီး ကာရာတေးနည်းပြဆရာ ဦးထွန်းဝင်းအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်သည်။
အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းကို မတ်လ ၃ ရက်နေ့မှ ၁၇ ရက်နေ့ထိ ပြေးခုန်ပစ်၊ ဘောလုံး၊ ဖူဆယ်၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ Finess Dance၊ အေရိုးဗစ်စသည့် အားကစားနည်း(၁၀)မျိုးဖြင့် သင်တန်းကာလ(၂)ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး မိုင်းဆတ်မြို့နယ်အတွင်းရှိ အားကစားဝါသနာပါသူ ကျောင်းသား၊ ကျောင်းသူ(၁၅၀)ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)