မိုင်းတုံ မတ် ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ မရှိကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးဦးဆောင်၍ မြို့နယ်ရဲမှူး မြင့်အောင်၊ မြို့နယ်စည်ပင်၊ မြို့နယ်မီးသတ်၊ မြို့နယ်သစ်တောနှင့် ပြန်/ဆက်တို့ပူးပေါင်း၍ မိုင်းတုံမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ မရှိနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် မီးချိတ်မီးကပ်၊ သဲအိတ်၊ ရေအိတ်တို့ကို စနစ်တကျထားရေး၊ မီးသတ်ဆေးဗူးများ ဆိုင်တိုင်းတွင် ချိတ်ဆွဲထားရှိရေး၊ မီးဘေးကြုံတွေ့လာပါက ပြုလုပ်ရမည့်နည်လမ်းများကို မီးဘေးအန္တရာယ်ကင်းရှင်းစေရေးရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)