ပင်းတယမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (Grade-5)နှင့် (Grade-9) ကျောင်းသား၊ ကျောင်းသူများ နောက်ဆုံးစာမေးပွဲ စတင်ဖြေဆို

ပင်းတယ မတ် ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ၂၀၂၄ -၂၀၂၅  ပညာသင်နှစ်၊ (Grade-5)နှင့် (Grade-9) ကျောင်းသား၊ ကျောင်းသူများ နောက်ဆုံးစာမေးပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် သက်ဆိုင်ရာကျောင်းများ၌ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ထိုသို့ဖြေဆိုရာတွင် ပင်းတယမြို့နယ်အတွင်း အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် အလယ်တန်းအဆင့် (Grade-9) နှစ်ဆုံးစာမေးပွဲကို စာစစ်ဌာန(၃၅)ခုဖွင့်လှစ်၍ ကျင်းပပြုလုပ်လျက်ရှိရာ  စာရင်းရှိ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၉၃၈)ဦးရှိသည့်အနက် မြန်မာစာဘာသာအား ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၉၂၉)ဦး  ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ဖြေဆိုရန် ပျက်ကွက်သူစုစုပေါင်း(၉)ဦးရှိကြောင်းနှင့် မူလတန်းအဆင့်(Grade-5) နှစ်ဆုံးစာမေးပွဲကို စာစစ်ဌာန(၁၂၀)ခုဖွင့်လှစ်၍ ကျင်းပပြုလုပ်လျက်ရှိရာ စာရင်းရှိ ကျောင်းသား/ကျောင်းသူ (၁၅၁၁)ဦးရှိသည့်အနက် မြန်မာစာဘာသာအား လာရောက်ဖြေဆိုသူ(၁၅၀၀)ဦးရှိပြီး လာရောက်ဖြေဆိုရန် ပျက်ကွက်သူ(၁၁) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)