ကွန်ဟိန်း မတ် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းအား ယနေ့နံနက် ၈ နာရီခန့်ကစတင်၍ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကာကွယ်ဆေးများထိုးနှံပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းများအား ဆောင်ရွက်ခဲ့ပြီး မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များမှ လာရောက်ထိုးနှံခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)