ရှမ်းပြည်နယ်

 မိုင်းတုံမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေးလုပ်ငန်းများစစ်‌ဆေးခြင်းနှင့် အသိပညာပေးခြင်းများဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းမင်းထွေးနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်နှင့်ပူး‌ပေါင်း၍ မိုင်းတုံမြို့ပေါ်ရှိဈေးဆိုင်များသို့ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်စနစ်ဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်‌နိုင်ရန် ဈေးဆိုင်တစ်ဆိုင်တွင်ထားရှိရမည့်ဆောင်ရန်ရှောင်ရန်ပစ္စည်းများနှင့် မီးသုံးစွဲမှုပုံစံ၊ မီး‌ကြိုးများကောင်းမွန်မှုရှိမရှိ၊ ပလပ်ခုံများကောင်းမကောင်းအစရှိသည်တို့ကို ‌ စစ်‌ဆေးခြင်းနှင့်မီးဘေးအန္တရာယ်သတိပြုကာကွယ်နိုင်ရန်အတွက် မီးဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပင်လုံမြို့၌ ပန်မုန့်ကမ္မဌာန်းတိုက်များ၏ ဓမ္မသဘင်ညီလာခံနှစ်ပတ်လည်အစည်းအဝေးနှင့် နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်တရားပွဲတော်ကြီးကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ ပန်မုန့်ကမ္မဌာန်းတိုက်၌ ယနေ့ နံနက် (၈) အချိန်က ရှမ်းပြည်နယ် (မူလ)မင်းကွန်းဇေတဝန်သာသနာ့မာရ်အောင် ကမ္မဌာန်းတိုက်များ၏ (၅၉)ကြိမ်မြောက် မဟာသတိပဌာန်ဓမ္မသဘင်ညီလာခံ နှစ်ပတ်လည်အစည်းအဝေး ကျင်းပခဲ့သည်။

နမ့်စန်မြို့နယ်တွင် ဆင်းကတ်များကို စနစ်တကျမှတ်ပုံတင်ရောင်းချနိုင်ရန်နှင့် တရားမဝင်ဆင်းကတ်များ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆင်းကတ်များကို စနစ်တကျမှတ်ပုံတင်ရောင်းချနိုင်ရန်နှင့် တရားမဝင်ဆင်းကတ်ရောင်းချမှုကို တားဆီးကာကွယ်နိုင်ရန်အတွက် မြို့နယ်တရားမဝင်ဆင်းကတ်ရောင်းချမှု စစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူများက ယမန်နေ့နေ့လယ် ၁၁ နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောင်တရားမြို့ ရွှေဘုန်းပွင့်ပညာဒါနကျောင်း၌ နွေရာသီကျောင်းပိတ်ရက်အတွင်း ဓမ္မစကူး သင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရာမြို့ ရွှေဘုန်းပွင့် ပညာဒါနကျောင်း၌ နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသားကျောင်းသူများအတွက် ဓမ္မစကူး ယဉ်ကျေးလိမ္မာသင်တန်းကို နေ့စဉ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

လင်းခေးမြို့နယ်တွင် နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူး၍ နွေရာသီ အခြေခံအားကစားသင်တန်းများကို မြို့နယ်ပြည်ငြိမ်းအေး အားကစားကွင်း၌ ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် လင်းခေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးက အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ကွန်ဟိန်းမြို့၌ Mobile Library စနစ် စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ပြည်သူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန်နှင့် အသိပညာဗဟုသုတများ တိုးတက်လာစေရန်အတွက် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းခြင်းကို ယနေ့မွန်းလွဲ ၂ နာရီခန့်က လူမှုဝန်ထမ်းဦးစီးဌာနရုံးသို့ ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးပောာ‌ပြောခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်တွင် တာဝန်ရှိသူများက နားခံကျေးရွာအုပ်စုရပ်ကွက် (၃) ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း ပင်းတယမြို့နယ်၊ နန်းကုန်ကျေးရွာအုပ်စု၊ ပေါစံသီကျေးရွာအနီး၊ ငဖိန်းအင်းကွင်းရှိ မွေးမြူရေးဇုန်တွင် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ နန်းကုန်ကျေးရွာအုပ်စု၊ ပေါစံသီးကျေးရွာအနီး၊ ငဖိန်းအင်းကွင်းရှိ မွေးမြူရေးဇုန်တွင် မွေးမြူရေး အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ယမန်နေ့နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ ဓနုကိုယ်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ပင်လောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အသိအညာပေးဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်ပိုင်းက လူငယ်နှင့်ရည်မှန်းချက်ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲ ပြုလုပ်သည်။

ဟိုပုံးမြို့နယ်၌ အသက် တစ်နှစ်မှ ငါးနှစ်အရွယ် ကလေးငယ်များကို Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အသက် တစ်နှစ်မှ ငါးနှစ်အရွယ် ကလေးငယ်များကို Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးများတိုက်ကျွေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က သက်ဆိုင်ရာဆေးထိုးနေရာများတွင် ဆောင်ရွက်ပေးခဲ့သည်။
Subscribe to ရှမ်းပြည်နယ်