ဟိုပုံးမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-5 နှင့် Grade-9 အစိုးရစစ်နှစ်ဆုံးစာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်တွင် ကျောင်းသား ကျောင်းသူများ ဖြေဆို

ဟိုပုံး မတ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-5 နှင့် Grade-9 အစိုးရစစ်နှစ်ဆုံးစာမေးပွဲ ပထမနေ့မြန်မာစာဘာသာရပ်တွင် ယမန်နေ့နံနက် ၉ နာရီအချိန်မှစတင်ကာ စာစစ်ဌာနအသီးသီး၌ ကျောင်းသား ကျောင်းသူများ ဖြေဆိုလျက်ရှိသည်။

Grade-5 အစိုးရစစ်နှစ်ဆုံးစာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်တွင် စာစစ်ဌာန ၁၈ ခုဖြင့် ကျင်းပခြင်းဖြစ်ပြီး ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား ၉၈၃ ဦး၊ ကျောင်းသူ ၁၃၃၄ ဦး၊ ပျက်ကွက် ကျောင်းသား ၁၁ ဦး၊ ကျောင်းသူ ၁၄ ဦး၊ စုစုပေါင်း ကျောင်းသား ကျောင်းသူ ၂၃၁၇ ဦး ဝင်ရောက်ဖြေဆိုပြီး ဖြေဆိုရာခိုင်နှုန်း ၉၈ ဒဿမ ၉၃ ရာခိုင်နှုန်းရှိပြီး Grade-9 စာမေးပွဲကို စာစစ်ဌာန ၇ ခုဖြင့် ကျင်းပရာ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား ၃၇၂ ဦး၊ ကျောင်းသူ ၄၃၀ ဦး၊ ပျက်ကွက် ကျောင်းသား ၂ ဦး၊ ကျောင်းသူ ၅ ဦး၊ စုစုပေါင်း ကျောင်းသား ကျောင်းသူ ၈၀၂ ဦး ဝင်ရောက်ဖြေဆိုပြီး ဖြေဆိုရာခိုင်နှုန်း ၉၉ ဒဿမ ၁၃ ရာခိုင်နှုန်းရှိသည်။

အဆိုပါ အစိုးရစစ်နှစ်ဆုံးစာမေးပွဲကို မတ်လ(၃)ရက်နေ့မှ (၈)ရက်နေ့အထိ ကျင်းပမည်ဖြစ်ကာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ သိပ္ပံဘာသာရပ်များအား စာမေးပွဲရက်ကာလအတွင်း နေ့စဉ် နံနက်(၉)နာရီမှ (၁၂)နာရီအထိ ဖြေဆိုရမည်ဖြစ်ကြောင်း ဟိုပုံးမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)