မိုင်းရှူးမြို့၌ နွေရာသီအခြေခံအားကစားသင်တန်း ဖွင့်လှစ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှဖွင့်လှစ်သည့် ၂၀၂၅ ခုနှစ် နွေရာသီအခြေခံအားကစားနည်းသင်တန်းကို မြို့မအားကစားကွင်း၌ မတ်လ ၁ ရက်နေ့မှစတင်ကာ ၃၁ ရက်နေ့အထိ ၁ လ သင်ကြားပို့ချသွားမည်ဖြစ်သည်။