တောင်ကြီး မတ် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ နန်းကုန်ကျေးရွာအုပ်စု၊ ပေါစံသီးကျေးရွာအနီး၊ ငဖိန်းအင်းကွင်းရှိ မွေးမြူရေးဇုန်တွင် မွေးမြူရေး အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ယမန်နေ့နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ ဓနုကိုယ်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးသည် မွေးမြူရေးဇုန်အတွင်း ရေကန်၊ အဆောက်အဦ တည်ဆောက်မည့်မြေနေရာများ၊ ယာယီရှင်းလင်းဆောင်နေရာကို ဓနုကိုယ်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းနှင့် တာဝန်ရှိသူများက တည်ဆောက်မည့် မြေနေရာလျာထားဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံပြသခဲ့သည်။
ထို့နောက် မွေးမြူရေးဇုန်အတွင်းရှိ ယာယီရှင်းလင်းဆောင်တွင် ဆည်မြောင်နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ (ရေအရင်းအမြစ်) လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကိုကိုမင်းနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်လွင်တို့က မွေးမြူရေးဇုန်အတွင်း ရေရရှိရေးလုပ်ငန်း၊ ငဖန်းအင်ကန်ပြုပြင်ခြင်းလုပ်ငန်း၊ စက်ရေတွင်းတူးဖော်ခြင်းနှင့် မွေးမြူရေးဇုန်မြေနေရာနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက မွေးမြူရေးဇုန်အတွင်းရှိ မြေလပ်များပေါ်တွင် စိုက်ပျိုးသီးနှံများကို ရာသီနှင့်ကိုက်ညီမည့်သီးနှံများ စိုက်ပျိုးနိုင်ရေး၊ ဇုန်နယ်မြေအတွင်း လျှပ်စစ်မီးအမြန်ရရှိရေးစသည့် လုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)