နောင်တရားမြို့ ရွှေဘုန်းပွင့်ပညာဒါနကျောင်း၌ နွေရာသီကျောင်းပိတ်ရက်အတွင်း ဓမ္မစကူး သင်တန်းဖွင့်လှစ်

နောင်တရား မတ် ၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရာမြို့ ရွှေဘုန်းပွင့် ပညာဒါနကျောင်း၌ နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသားကျောင်းသူများအတွက် ဓမ္မစကူး ယဉ်ကျေးလိမ္မာသင်တန်းကို နေ့စဉ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

“နွေရာသီကျောင်းပိတ်ရက်တွေမှာ ရဟန်းသံဃာတော်တွေက ဓမ္မစကူးယဉ်ကျေးလိမ္မာသင်တန်းတွေဖွင့်တော့ ဝမ်းသာမိပါတယ် သားတွေသမီးတွေ ဗုဒ္ဓစာပေတွေ သင်ရတယ်ယဉ်ကျေးမှုပြည်သူနီတိတွေ သင်ပေးတော့ အိမ်မှာ သားသမီးတွေက ပြန်ဆိုပြပြောပြရင် ဝမ်းသာမိပါတယ်” ဟု အမှတ်(၁)ရပ်ကွက်မှ ကျောင်းသားမိခင်တစ်ဦးက ပြောသည်။

အဆိုပါ ဓမ္မစကူးယဉ်ကျေးလိမ္မာသင်တန်းကို နောင်တရားမြို့ ပရိယတ္တိစာသင်တိုက်မှ သံဃာတော်များကဦးဆောင်၍ ဗုဒ္ဓတရားတော်များကို သင်ကြားပေးခြင်း ဓမ္မစကူးဆရာ ဆရာမများက ပြည်သူ့နီတိများကို သင်ကြားပို့ချပေးလျက်ရှိပြီး နောင်တရားမြို့ပေါ် ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများ ကျောင်းသားကျောင်းသူများက လာရောက်တက်ရောက် သင်ယူကြကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)