မိုးနဲမြို့နယ်၌ မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်

မိုးနဲ မတ် ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးပောာ‌ပြောခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်တွင် တာဝန်ရှိသူများက နားခံကျေးရွာအုပ်စုရပ်ကွက် (၃) ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ရခြင်းနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးကျော်ကိုကိုသက်၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူး ဦးကျော်အောင်အောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ဦးစီး ဦးသိန်းဟန်၊မြို့နယ်‌မြေစာရင်းဦးစီးဌာန ဦးစီးမှူး ဦးထွန်းဝင်းတိုက တောမီးကြောင့် သဘာဝပတ်ဝန်းကျင်၊ စိုက်ပျိုးမြေများ၊ ပြည်သူပိုင်ပစ္စည်းများ ပျက်စီဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်သည့် အဓိကအကြောင်းအရင်းများ၊ မီးခိုးမြူငွေ့များတွင် ပါဝင်သော လေထုညစ်ညမ်းစေသည့်အရာများ၊ မီးခိုးမြူငွေ့များကြောင့် လေထုညစ်ညမ်း၍ ဖြစ်ပွားစေနိုင်သော ကျန်းမာရေးဆိုင်ရာဆိုးကျိုးများ၊ ရိတ်သိမ်းပြီးပြောင်းရိုးများကို သဘာဝမြေဩဇာအဖြစ်အသုံးပြုနိုင်ရေး၊ သစ်‌တောများထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးလုပ်ငန်းစဉ်များကိုလည်းကောင်း အသီးသီး အသိပညာပေးဟောပြော ဆွေးနွေးခဲ့ရာ တက်ရောက်လာသော ပြည်သူများက သိရှိလိုသည့်အချက်များအား မေးမြန်းကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အသီးသီးပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)