ပင်လောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အသိအညာပေးဟောပြောပွဲ ပြုလုပ်

ပင်လောင်း မတ် ၄

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်ပိုင်းက လူငယ်နှင့်ရည်မှန်းချက်ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲ ပြုလုပ်သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မူမြစောက လူငယ်များနှင့်ပတ်သက်သည့် ဉာဏ်ရည်ဉာဏ်သွေးတိုးတက်မြင့်မားရေး၊ အတွေးအခေါ်ကောင်းများရရှိစေရေး၊ တည်ငြိမ်ရင့်ကျက်မှုရှိပြီး စိတ်ရှည်သီးခံစိတ်ရှိရေး၊ လူငယ်နှင့်အားကစားဆိုင်ရာကဏ္ဍစသည့် ရည်ရွယ်ချက်များကို ဟောပြော‌ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)