ရှမ်းပြည်နယ်

မိုင်းတုံမြို့တွင် တောမီးလောင်မှု ဖြစ်ပွား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့၊ နောင်ပါရင်ရပ်ကွက်၊ ရွာသစ်တိုးချဲ့(လားဟူ)ရပ်ကွက်အနီး ယမန်နေ့ ညနေ ၃ နာရီ ၂၀ မိနစ်အချိန်က တောမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်၌ နွေရာသီအားကစားသင်တန်းများ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူ၊ လူငယ်မောင်မယ်များ နွေရာသီအားလပ်ချိန်တွင် အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အားကစားစိတ်ဓာတ် ပိုမိုမြင့်မားလာစေရန်၊ နွေရာသီအားကစား သင်တန်းမှတစ်ဆင့် အလားအလာရှိသော ရွက်ပုန်းသီး မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်များဖြင့် နွေရာသီအားကစားသင်တန်းများကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းမှစတင်၍ မြို့နယ်ရှိ အားကစားကွင်း၊ ခန်းမ၊ အ.ထ.ကကျောင်းနှင့် ကျေးရွာအားကစားကွင်းများတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

လွိုင်လင်မြို့တွင် နွေရာသီအခြေခံ (English Grammar)သင်တန်း ပဥ္စမနေ့ ဆက်လက်ပို့ချပေး

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် နွေရာသီအားလပ်ရက်တွင် ကျောင်းနေအရွယ် ကလေးငယ်လေးများအား တိုးတက်နေသော ခေတ်စနစ်နှင့်အညီ အသိပညာဗဟုသုတများ ကြွယ်ဝစေရန်ရည်ရွယ်၍ မတ်လ ၁ ရက်နေ့မှစတင်ကာ အဆိုပါသင်တန်းအား ကျင်းပပြုလုပ်ခဲ့ရာ ပဥ္စမနေ့အဖြစ် လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ဥမ္မာချိုမှ ဆက်လက်ပို့ချပေးခဲ့ကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ်၌ ကျား၊မ အခြေပြုအကြမ်းဖက်မှုအသိပညာပေး ဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း အမျိုးသမီးများနှင့်ကလေးငယ်များ၊ လူငယ်လူရွယ်များ အကြမ်းဖက်မှုအန္တရာယ်မှကင်းဝေးကြစေရန်ရည်ရွယ်၍  ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ကျား၊ မအခြေပြုအကြမ်းဖက်မှုအသိပညာပေးဆွေးနွေးပွဲကိုကျင်းပပြုလုပ်ရာ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စိတ်ဝင်စားသူအမျိုးသမီးငယ်များ တက်ရောက်ခဲ့ကြသည်။

ပြည်နယ်ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်‌ရေးကော်မတီအစည်းအဝေး (၁/၂၀၂၅)ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှကျင်းပပြုလုပ်သည့် ပြည်နယ်ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅)ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်သည်။

ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ်(၅/၂၀၂၄-၂၀၂၅)ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ်(၅/၂၀၂၄-၂၀၂၅)ကို ယမန်နေ့ နံနက် ၉ နာရီက  ရှမ်းပြည်နယ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

မိုင်းယန်းမြို့၌ “မြန်မာသနပ်ခါးလ” အထိမ်းအမှတ် သနပ်ခါးလှုပ်ရှားမှုဆောင်ရွက်

မြန်မာအမျိုးသမီးများသည် သနပ်ခါးကို လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက လိန်းကျံအလှခြယ်သကြသော ပစ္စည်းတစ်ခုအဖြစ် အသုံးပြုခဲ့ကြပြီး သနပ်ခါးကို မခုံမင်မနှစ်သက်သော မြန်မာအမျိုးသမီးဟူ၍ မရှိသလောက်ပင် ရှားပါးသည်။

မိုင်းဆတ်မြို့၌ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့အား ထိန်းသိမ်းစောင့်ရှောက်သောအားဖြင့် မြန်မာ့သနပ်ခါးနေ့လှုပ်ရှားမှုအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ မြန်မာ့သနပ်ခါးကို အမြတ်တနိုးတန်ဖိုးထားလိမ်းခြင်းဖြင့် မြန်မာ့ရိုးရာအမွေအနှစ် ဆင်ယင်ထုံးဖွဲ့ဓလေ့စရိုက်များထဲတွင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ် ထင်ရှားလာအောင် ပြည်သူအားလုံးပါဝင်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မြန်မာ့သနပ်ခါးနေ့လှုပ်ရှားမှုအခမ်းအနားကို ယနေ့ နေ့လယ် ၁ နာရီက အခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၌ ဒေသခံတောင်သူများ၏ လယ်ယာ​မြေများ ​ရေလွှမ်းမိုးမှုမှကာကွယ်ရန် ချောင်း​ပေါင်ပြုပြင်​ခြင်းလုပ်ငန်း​ ဆောင်ရွက်

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ​ဒေသခံ​တောင်သူများ၏ လယ်ယာ​မြေများ ​ရေလွှမ်းမိုးမှုမှကာကွယ်ရန်အတွက် နမ့်မယ်ဟုတ်​ချောင်း လက်ဝဲဘက်ရှိ ချောင်း​ပေါင်ကျိုး​ပေါက်မှုပြုပြင်ခြင်းလုပ်ငန်း အပိုင်း(၁)ကို ဆောင်ရွက်လျက်ရှိ​​ရာ အဆိုပါလုပ်ငန်း ဆောင်ရွက်ပြီးစီး​တော့မည်ဖြစ်​ကြောင်း မြို့နယ်ဆည်​မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲ​ရေးဦးစီးဌာနမှ သိရသည်။

တာချီလိတ်မြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်း​ပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် ရေကြီးရေလျှံမှုလျော့နည်းစေရေးအတွက် ရေနုတ်မြောင်းများ အရှိန်အဟုန်ဖြင့်ဆယ်ယူနိုင်ရေး အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက မကာဟိုခမ်းရပ်ကွက်၊ အောင်မြတ်ခန်းမတွင် ကျင်းပပြုသည်။
Subscribe to ရှမ်းပြည်နယ်