မိုင်းကိုင်မြို့နယ်၌ ကျား၊မ အခြေပြုအကြမ်းဖက်မှုအသိပညာပေး ဆွေးနွေးပွဲကျင်းပ

မိုင်းကိုင် မတ် ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း အမျိုးသမီးများနှင့်ကလေးငယ်များ၊ လူငယ်လူရွယ်များ အကြမ်းဖက်မှုအန္တရာယ်မှကင်းဝေးကြစေရန်ရည်ရွယ်၍  ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ကျား၊ မအခြေပြုအကြမ်းဖက်မှုအသိပညာပေးဆွေးနွေးပွဲကိုကျင်းပပြုလုပ်ရာ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စိတ်ဝင်စားသူအမျိုးသမီးငယ်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲတွင်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးက ကျား၊မအခြေပြုအကြမ်းဖက်မှုပုံစံများ၊ အယူအဆအမှားများ၊ ကျန်းမာရေးဆိုးကျိုးရလဒ်များစသည့်အကြောင်းအရာများဖြင့် စတင်ဆွေးနွေးပြီး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ဒေါ်တင်တင်မိုးက အကြမ်းဖက်မှုခံစားရသော အမျိုးသမီးများအား ကူညီပေးခြင်းနှင့်ချိတ်ဆက်ဆောင်ရွက်ခြင်း အကြောင်းအရာများကိုဆွေးနွေးရာတက်ရောက်လာကြသည့် ကျန်းမာရေးဝန်ထမ်းများနှင့်အမျိုးသမီးများကမိမိတို့၏  သဘောထားအမြင်များနှင့်ပတ်သက်၍  ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊တိမ်မြုပ်နေသောဖြည့်ဆည်းရန်ကွက်လပ်များစသည့်ခေါင်းစဉ်ဖြင့်  နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲကိုခင်းကျင်းပြသရာတက်ရောက်လာသူများက  လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)