တောင်ကြီး မတ် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း) သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ်(၅/၂၀၂၄-၂၀၂၅)ကို ယမန်နေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေနဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းများမှတ်ပုံတင်ပေးရန်(၂၈၅)ခု လျာထားကြောင်း၊ (၁၀.၄.၂၀၂၄)ရက်နေ့တွင်ကျင်းပပြုလုပ်သည့် (၁/၂၀၂၄-၂၀၂၅)အစည်းအဝေးတွင်(၆၀)ဦး၊ (၂၆-၆-၂၀၂၄) ရက်နေ့တွင်ကျင်းပပြုလုပ်သည့် (၂/၂၀၂၄၂၀၂၅) အစည်းအဝေးတွင် (၉၃)ဦး၊ (၃/၂၀၂၄-၂၀၂၅) အစည်းအဝေးတွင် (၇၁)ဦး၊ (၁၈-၁၂-၂၀၂၄)ရက်နေ့တွင်ကျင်းပပြုလုပ်သည့်(၄/၂၀၂၄-၂၀၂၅)အစည်းအဝေးတွင်(၄၉)ဦး၊ စုစုပေါင်း(၂၇၃)ဦးခွင့်ပြုခဲ့ပါကြောင်း၊ ယခုအစည်းအဝေးတွင်(၉၃)ဦး စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယနေ့အထိ ရှမ်းပြည်နယ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း(၁၇၆၃)ခုကို မှတ်ပုံတင်ခွင့်ပြုထားပေးပြီးဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် ရှမ်းပြည်နယ် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်မတီအမှတ်စဉ် (၅/၂၀၂၄-၂၀၂၅)အစည်းအဝေးတွင် လုပ်ငန်းအသစ်လျှောက်ထားလာသည့် စားသောက်ကုန်လုပ်ငန်း(၃၄)ခု၊ လူသုံးကုန်လုပ်ငန်း(၃)ခု၊ အဝတ်အထည်လုပ်ငန်း(၃၃)ခု၊ စိုက်ပျိုးရေးလုပ်ငန်း(၁)ခု၊ နေထိုင်ရေးလုပ်ငန်း(၁)ခု၊ စက်မှုအလုပ်ရုံ(၁)ခု၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း(၁)ခုနှင့် အထွေထွေလုပ်ငန်း(၂၄)ခု၊ စုစုပေါင်း(၉၈)ခုဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများကို ရှမ်ပြည်နယ် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဥပဒေနှင့်အညီ စနစ်တကျခွင့်ပြုပေးနိုင်ရန် ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်းပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးက လုပ်ငန်းမှတ်ပုံတင်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသော မှတ်ပုံတင်လုပ်ငန်းစိစစ်ရေးကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးအကြံပြုတင်ပြကြပြီးတင်ပြထားသော လုပ်ငန်းမှတ်ပုံတင်များအား အတည်ပြုပေးခဲ့ကြောင်း သိရှိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)