မိုင်းဆတ်မြို့၌ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့အား ထိန်းသိမ်းစောင့်ရှောက်သောအားဖြင့် မြန်မာ့သနပ်ခါးနေ့လှုပ်ရှားမှုအခမ်းအနား ကျင်းပ

မိုင်းဆတ် မတ် ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ မြန်မာ့သနပ်ခါးကို အမြတ်တနိုးတန်ဖိုးထားလိမ်းခြင်းဖြင့် မြန်မာ့ရိုးရာအမွေအနှစ် ဆင်ယင်ထုံးဖွဲ့ဓလေ့စရိုက်များထဲတွင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ် ထင်ရှားလာအောင် ပြည်သူအားလုံးပါဝင်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မြန်မာ့သနပ်ခါးနေ့လှုပ်ရှားမှုအခမ်းအနားကို ယနေ့ နေ့လယ် ၁ နာရီက အခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအားလွန်က မြန်မာ့ရိုးရာသနပ်ခါးနှင့်ပတ်သက်၍ အကျယ်တဝင့်ဟောပြောပြီး အခမ်းအနားတက်ရောက်လာသူများက မြန်မာ့သနပ်ခါးနေ့လှုပ်ရှားမှုအနေဖြင့် မြန်မာ့သနပ်ခါးသွေးခြင်း၊ လိမ်းခြင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)