လွိုင်လင်မြို့တွင် နွေရာသီအခြေခံ (English Grammar)သင်တန်း ပဥ္စမနေ့ ဆက်လက်ပို့ချပေး

လွိုင်လင် မတ် ၆

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် နွေရာသီအားလပ်ရက်တွင် ကျောင်းနေအရွယ် ကလေးငယ်လေးများအား တိုးတက်နေသော ခေတ်စနစ်နှင့်အညီ အသိပညာဗဟုသုတများ ကြွယ်ဝစေရန်ရည်ရွယ်၍ မတ်လ ၁ ရက်နေ့မှစတင်ကာ အဆိုပါသင်တန်းအား ကျင်းပပြုလုပ်ခဲ့ရာ ပဥ္စမနေ့အဖြစ် လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ဥမ္မာချိုမှ ဆက်လက်ပို့ချပေးခဲ့ကြောင်း သိရသည်။

သင်တန်းအား တက်ရောက်လာကြသော ကျောင်းသား/သူလေးများမှ စိတ်ပါဝင်စားစွာ သင်ယူလေ့လာကြကြောင်း သိရသည်။

အဆိုပါ သင်တန်းအား လွိုင်လင်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ နှစ်ဆုံးစာမေးပွဲဖြေဆိုပြီးသော ကျောင်းသား၊/သူလေးများ တက်ရောက်သင်ယူခဲ့ကြပြီး  သင်တန်းကာလအား ၁ လ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အယ်မင်း (လွိုင်လင်)