မိုင်းတုံ မတ် ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့၊ နောင်ပါရင်ရပ်ကွက်၊ ရွာသစ်တိုးချဲ့(လားဟူ)ရပ်ကွက်အနီး ယမန်နေ့ ညနေ ၃ နာရီ ၂၀ မိနစ်အချိန်က တောမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ တောမီးလောင်ရာသို့ ညနေ ၃ နာရီခွဲအချိန်တွင် မိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်၊ မိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မင်းသိန်း၊ မိုင်းတုံခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးလှအေးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်အောင်၊ မြို့နယ်လဝကဦးစီမှူး ဦးအောင်အောင်ထွန်းနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိုင်းတုံမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး စိုင်းမင်းမင်းထွေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၅၅) ဦး၊ မီးသတ်ယာဉ် (၁)စီးဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ၃ နာရီ ၄၅ မိနစ်အချိန်တွင် မီးငြှိမ်းသွားခဲ့ပြီး တောမီးလောင်းကျွမ်းမှုတွင် မြေလွတ်မြေရိုင်း (၁.၅) ဧကခန့်အတွင်း တောမီးလောင်းကျွမ်းခဲ့ကြောင်း၊ မီးလောင်မှုကြောင့် လူ/တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရှိရပါသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)