ပင်လုံမြို့၌ မြန်မာ့တိုင်းရင်းဆေးပညာသမားတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်တိုင်းရင်းဆေးဖြင့် အခမဲ့ကွင်းဆင်းဆေးကုသခြင်းဆောင်ရွက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ တပေါင်းလပြည့်နေ့တွင်ကျရောက်မည့် မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မူပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို လွိုင်လင်ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ (၂၅)ခုတင်ဆံတိုင်းရင်းဆေးရုံနှင့် နမ့်စန်၊ ပင်လုံမြို့နယ် တိုင်းရင်းဆေးကုဌာန၊ တိုင်းရင်းဆေးဆရာအသင်း(လွိုင်လင်) ပင်လုံမြို့ ဆေးဝါးထုတ်လုပ်သူ များပူးပေါင်း၍ ယမန့်နေ့နံနက် ၉ နာရီအချိန်က မဟာရဌာဘိသာမဂ္ဂီစေတီတော် ဓမ္မာရုံအတွင်း၌ အခမဲ့ကွင်းဆင်းကုသပေးခြင်းကိုဆောင်ရွက်ခဲ့သည်။