ပင်လုံမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည် စာစစ်ဌာနအနီးရှိနေအိမ်နှင့်စျေးဆိုင်ခန်းများအား မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေး

ပင်လုံ မတ် ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ မီးလန့်မှု၊ မီးလောင်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က မီးသတ် ဦးစီးဌာန မှဆောင်ရွက်ခဲ့သည်။

ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပင်လုံမြို့ မြို့အုပ်ချုပ်ရေးမှူးဦးဆောင်သော ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာဖြေဌာနအနီးရှိ နေအိမ်များနှင့် စျေးဆိုင်များအား မီးလောင်မှု၊ မီးလန့်မှုမဖြစ်စေရေး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟော​ပြောခြင်းများကို လိုက်လံဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)