မိုင်းခတ်မြို့နယ်တွင် မြန်မာ့သနပ်ခါးနေ့လှုပ်ရှားမှု အခမ်းအနား ကျင်းပ

မိုင်းခတ် မတ် ၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့အဖြစ် မြန်မာ့သနပ်ခါးနေ့ (တပို့တွဲလပြည့်နေ့) အထိမ်းအမှတ် အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း(မိုင်းခတ်)၌ ယမန်နေ့နံနက် (၁၁) နာရီအချိန်က အမျိုးသမီးရေးရာအဖွဲ့၀င်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များနှင့် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ ပူးပေါင်း၍ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်က မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ထားကြောင်း၊ နှစ်စဉ်တပို့တွဲလပြည့်နေ့ကို မြန်မာ့ရိုးရာသနပ်ခါးနေ့အဖြစ် သတ်မှတ်ထားကြောင်း၊ မိမိတို့၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကို လက်ခံကျင့်သုံးထိန်းသိမ်းသွားကြရန်လိုကြောင်း ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများက အချင်းချင်းသနပ်ခါးများ လိမ်းခြယ်ပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)