မိုင်းခတ် မတ် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းမြစိမ်းရောင် အတိုးရငွေနှင့် ကျေးရွာထည့်ဝင်ငွေဖြင့် ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင် ရွက်ပြီးစီးမှုအခြေအနေကို ယမန်နေ့မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများကကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းပြီးစီးမှုကွင်းဆင်းစစ်ဆေးရာတွင် မိုင်းခတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နောင်ထွေးနှင့်ဝန်ထမ်းများက မိုင်းခတ်မြို့နယ်၊ မိုင်းကာကျေးရွာအုပ်စု၊ ပန်နော်လောင်းကျေးရွာတွင် အိမ်ခြေ(၄၃)အိမ်၊ လူဦးရေ(၂၃၈)ဦးရှိပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းမြစိမ်း အတိုးရငွေ (၁၀.၉)သန်း၊ ကျေးရွာပြည်သူထည့်ဝင်ငွေ (၂.၄)သန်းတို့ဖြင့် လမ်းအရှည်(၃၇၅)ပေ၊ အကျယ်(၁၀)ပေ၊ အမြင့်(၀.၆)ပေရှိ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း (၁၀၀)ရာခိုင်နှုန်းပြီးစီးမှုနှင့်သတ်မှတ်စံချိန်စံညွှန်း ပြည့်မီမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)