မိုင်းခတ် မတ် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ မိုင်းကာကျေးရွာအုပ်စု၊ ပန်နော်လောင်းကျေးရွာ၌ ကျိုင်းတုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မီးခိုးမြူငွေ့လျှော့ချရေး၊ လေထုညစ်ညမ်းမှုလျှော့ချရေးနှင့် သစ်တောသစ်ပင်များမှရရှိနိုင်သောအကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀) နာရီအချိန်ကပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မိုင်းခတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဟန်ဝင်းလတ်က အမှာစကားပြောကြားပြီး ကျိုင်းတုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဦးအောင်ဇော်လေးက မီးခိုးမြူငွေ့ဖြစ်ပေါ်မှုနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုမှထိန်းချုပ်ရေးနည်းလမ်းများနှင့်လုပ်ငန်းများ၊ မီးခိုးမြူငွေ့များကြောင့်လေထုညစ်ညမ်း၍
ဖြစ်ပွားစေနိုင်သောဆိုးကျိုးများအကြောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ခံတောအုပ်ဦးအောင်မိုးထွေး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ စခန်းတာဝန်ခံဦးစိုင်းဇင်ကိုလတ်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးဦးယုမောင်တို့က မီးခိုးမြူငွေ့များတွင်ပါဝင်သော လေထုညစ်ညမ်းစေသည့်အရာများ၊ Fire Hotspot များ၏အကြောင်းရင်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနှင့်သစ်ပင်စိုက်ပျိုးထိန်းသိမ်းခြင်းကြောင့် ရာသီဥတုကောင်းမွန်လာစေခြင်းအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ကြပြီး မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)