မိုင်းရှူး မတ် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ပြည်သူလူထုအသက်အိုးအိမ်နှင့်ပစ္စည်းများ မီးဘေးအန္တရာယ်မှ ကင်းရှင်းစေရေးအတွက် ယမန်နေ့ညနေ(၃)နာရီက မြို့မစျေး၌ မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်နည်းလက်တွေ့သရုပ်ပြသခဲ့သည်။
ရှေးဦးစွာ မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးဝင်းဇင်ဖြိုးက မီးအခြေခံသဘောတရား၊ မီးလောင်မှုအကြောင်းအရင်း၊ မီးလောင်မှုအမျိုးအစားများ၊ အရေးပေါ်မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများအကြောင်း အသိပညာပေးဟောပြောပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဗူးကိုင်တွယ်အသုံးပြုပုံနှင့် မီးဘေးကြိုတင်ကာကွယ်ရေး ဆိုင်ရာပစ္စည်းများအသုံးပြု၍ လက်တွေ့သရုပ်ပြသခဲ့သည်။
ထို့နောက် မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး အဆိုပါဟောပြောပွဲနှင့်သရုပ်ပြပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းထိုက်နှင့်အဖွဲ့ဝင်များ၊ စျေးသူ၊ စျေးသားများ တက်ရောက်ကြကြောင်း သိရသည်။
သန်းလူ (ပြန်/ဆက်)