ရှမ်းပြည်နယ်

မိုင်းတုံမြို့၌ နွေရာသီအခြေခံအားကစားသင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ယမန်နေ့ နေ့လယ် ၃ နာရီခွဲအချိန်က မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟိုပုံးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  အခြေခံစက်ချုပ်နည်းပညာသင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဒေသအဆင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်ပြီး စက်ချုပ်နည်းပညာများတတ်မြောက်ကာ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍  အခြေခံစက်ချုပ်နည်းပညာသင်တန်းကို ဟိုပုံးမြို့နယ်  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက် ရှိသည်။

ပင်လောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံစစ်တုရင်သင်တန်းပြုလုပ်

နွေရာသီကျောင်းပိတ်ရက်များဖြစ်သည်နှင့်အညီ လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံပြုနိုင်စေရန်နှင့် စစ်တုရင်အားကစား တိုးတက်စေရန် ရည်ရွယ်၍ အခြေခံ စစ်တုရင်သင်တန်းကို  ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက်ပိုင်းက စတင်သင်ကြားပေးခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို၌ သီရိလင်္ကာနိုင်ငံမှ ပင့်ဆောင်လာသော ဗုဒ္ဓမြတ်စွာဘုရား၏ လက်ဝဲအောက်စွယ်တော်ပွါးအား စည်ကားသိုက်မြိုက်စွာ ပင့်ဆောင်ဖူးမြော်ကြည်ညို

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ သီရိလင်္ကာနိုင်ငံ၊ ကန္ဒီမြို့မှ ပင့်ဆောင်လာသော ဗုဒ္ဓမြတ်စွာဘုရား၏ လက်ဝဲအောက်စွယ်တော်ပွါးအား ကြိုဆိုပင့်ဆောင်ပူဇော်ပွဲကို ယမန်နေ့ ညနေပိုင်းက တာချီလိတ်ရွှေတိဂုံစေတီတော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လွိုင်လင်မြို့တွင် ၂၀၂၅ခုနှစ် ပညာသင်နှစ် Grade-5 - နှစ်ဆုံးစာမေးပွဲ  အောင်မြင်စွာဖြေဆိုပြီးစီး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၅ ခုနှစ်ပညာသင်နှစ် မူလတန်းဆင့် Grade-5 နှစ်ဆုံးစာမေးပွဲကို ယနေ့၌ အဆင်ပြေချော့မွေ့စွာ ဖြေဆိုပြီးစီးခဲ့ကြောင်းသိရသည်။

လွိုင်လင်မြို့တွင် လူငယ်ရေးရာ ဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အဆိုပါ ဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဈေးကွက်လည်းဝင် ဆေးဖက်ဝင် သံပုရာပင်တိုးချဲ့စိုက်ပျိုးကြ

သံပုရာသည်⁠နှစ်ရှည်သီးပင်⁠ဖြစ်၍ စိုက်ပျိုးရလွယ်ကူကာဆေးဖက်ဝင်တန်ဖိုးမြှင့် စားပင်တစ်မျိုးဖြစ်သည်။‌ သံပုရာမျိုးများတွင် ဗမာသံပုရာအစေ့မျိုး၊ ဗမာသံပုရာကိုင်းကူးမျိုး ၊ ယိုးဒယားသံပုရာကိုင်းကူး၊ အစေ့မဲ့ဟော်လန်ကိုင်းကူး၊ သံမယိုစသည့် မျိုး⁠ပေါင်းများစွာရှိရာ မြန်မာနိုင်ငံတွင်  မိမိတို့ဒေသ⁠ရေမြေရာသီဥတုနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးကြသည်။

ရွာငံမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌‌ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏လမ်းညွှန်မှုဖြင့် ရွာငံမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။   

မူဆယ်မြို့၌ နွေရာသီ အခြေခံ အားကစားသင်တန်းများဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ နွေရာသီ အခြေခံအားကစားသင်တန်းများကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနကဦးဆောင်၍ မတ်လ (၁) ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ကွန်ဟိန်းမြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ကျောင်းသား/သူများ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အမှတ်(၃) ရပ်ကွက်၊ တရုတ်စာသင်ကျောင်း၌ ယမန်နေ့ နံနက် ၁၁ နာရီက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်