ဟိုပုံးတွင် အကျိုးခံစားခွင့်ရှိသည့် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်နှစ်နှစ်အောက် ကလေးငယ်များအားနိုင်ငံတော်မှ ချီးမြှင့်ငွေများပေးအပ်နိုင်ရေး နှိုးဆော်လျက်ရှိ

ဟိုပုံး မတ် ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နိုင်ငံတော်အစိုးရအနေဖြင့် ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်ဆောင်ချိန်မှစ၍ အာဟာရပြည့်ဝရန်နှင့် မွေးဖွားလာသော ကလေးသူငယ်များအား ကလေးသူငယ်အခွင့်အရေး (၄)ရပ်နှင့်အညီ ကာယ၊ ဉာဏ၊ စာရိတ္တစိတ်လှုပ်ရှားမှု၊ ခံစားမှုပိုင်းဆိုင်ရာနှင့် ပေါင်းသင်းဆက်ဆံရေးပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို အသက်အရွယ်အလိုက် စနစ်တကျ နည်းလမ်းမှန်ကန်စွာ ရရှိနိုင်မှုအတွက် ကလေးသူငယ်၏ ရှေးဦးဘဝရက်ပေါင်း (၁၀၀၀) အတွင်း အာဟာရပြည့်ဝမှုမှ အရေးကြီးသောအချက်ဖြစ်ပြီး ကောင်းမွန်သော ပတ်ဝန်းကျင်မှ အန္တရာယ်ကင်းစွာနေထိုင်နိုင်ရန် ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် MCCT အစီအစဉ်အရ ကိုယ်ဝန်ဆောင်မိခင်နှင့် နှစ်နှစ်အောက်ကလေးများအား ချီးမြှင့်ငွေပေးအပ်ခြင်းကို ဖေဖော်ဝါရီလမှစတင်ကာ ဟိုပုံးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် ထုတ်ပေးလျက်ရှိရာ ထုတ်ယူရန်ကျန်ရှိသည့် အကျိုးခံစားခွင့်ရှိသူများ လက်ဝယ်သို့ပေးအပ်နိုင်ရေး ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် တိုက်တွန်းနှိုးဆော်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ချီးမြှင့်ငွေများပေးအပ်ရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများနှင့်၊ မြန်မာ့စီးပွားရေးဘဏ်မှ  တာဝန်ရှိသူများက အကျိုးခံစားခွင့်ရှိသူများလက်ဝယ်အရောက် ဟိုပုံးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် ထုတ်ပေးလျက်ရှိရာ ဖေဖော်ဝါရီလမှ ယနေ့အထိ မြို့ပေါ်ရပ်ကွက် (၆)ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၂)အုပ်စုအတွင်းတို့ရှိ အကျိုးခံစားခွင့်ရှိသည့် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်နှစ်နှစ်အောက် ကလေးငယ် စုစုပေါင်း (၁၄၇၇)ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ် (၉၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၁၇ ဒဿမ ၀၁၅)သန်းအား ထုတ်ပေးပြီးဖြစ်သည်။

အဆိုပါ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် MCCT အစီအစဉ်အရ ကိုယ်ဝန်ဆောင်မိခင်နှင့် နှစ်နှစ်အောက်ကလေးများအား ချီးမြှင့်ငွေပေးအပ်ခြင်းကို မတ်လ (၁၉)ရက်နေ့ နောက်ဆုံးထား၍ ဟိုပုံးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ထုတ်ပေးမည်ဖြစ်ရာ ထုတ်ယူရန်ကျန်ရှိသည့် မြို့ပေါ်ရပ်ကွက် (၆)ရပ်ကွက် ကျေးရွာအုပ်စု (၂၂)အုပ်စုတို့မှ အကျိုးခံစားခွင့်ရှိသည့် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်နှစ်နှစ် အောက်ကလေးငယ် (၁၆၇၅)ဦးတို့အတွက် စုစုပေါင်းငွေကျပ် (၁၂၇ ဒဿမ ၁၄)သန်းအား အမြန်လာရောက်ထုတ်ယူနိုင်စေရေး ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် တိုက်တွန်းနှိုးဆော်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)