ပင်လုံ မတ် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ တပေါင်းလပြည့်နေ့တွင်ကျရောက်မည့် မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မူပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို လွိုင်လင်ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ (၂၅)ခုတင်ဆံတိုင်းရင်းဆေးရုံနှင့် နမ့်စန်၊ ပင်လုံမြို့နယ် တိုင်းရင်းဆေးကုဌာန၊ တိုင်းရင်းဆေးဆရာအသင်း(လွိုင်လင်) ပင်လုံမြို့ ဆေးဝါးထုတ်လုပ်သူ များပူးပေါင်း၍ ယမန့်နေ့နံနက် ၉ နာရီအချိန်က မဟာရဌာဘိသာမဂ္ဂီစေတီတော် ဓမ္မာရုံအတွင်း၌ အခမဲ့ကွင်းဆင်းကုသပေးခြင်းကိုဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်မြင့်က လူတိုင်းသက်တမ်းစေ့အသက်ရှည်စွာနေနိုင်ရေး၊ လူတိုင်းရောဂါဘယ ကင်းရှင်းရေးနှင့် ကျေးလျက်ဒေသအောက်ခြေအထိ ကျန်းမာရေးအသိပညာပေးခြင်း၊ ရောဂါ ကာကွယ်တားဆီးခြင်း၊ ရောဂါဖြစ်ပွားလျှင် ထိရောက်စွာကုသမှုပေးခြင်းစသည့် ရည်မှန်းချက်တာဝန်များကိုရည်ရွယ်၍ နယ်လှည့်ကွင်းဆင်း ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း၊ တိုင်းရင်းဆေးရုံ၊ တိုင်းရင်းဆေးခန်းများတွင်လည်း လာရောက်ပြသနိုင်ကြောင်း၊ ဒူးနာခါးနာနှင့် အရိုးအစစ်ရောဂါများအကြောင်း၊ နေထိုင်နည်းစနစ်များအကြောင်း၊ တိုင်းရင်းဆေးပညာအကြောင်းများကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက်ပင်လုံမြို့နေ မိဘပြည်သူ ကျား (၂၇)ဦး၊ မ(၂၉)ဦး၊ ကလေး(၂)ဦး စုစုပေါင်း(၅၈)ဦးတို့အားတိုင်းရင်းဆေးပညာဖြင့် အခမဲ့ ကွင်းဆင်းဆေးကုသပေးခြင်းများဆောင်ရွက်ခဲ့သည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာ ပင်လုံမြို့ မြို့အုပ်ချုပ်ရေးမှူးဦးရန်ပိုင်ဖြိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)