ရှမ်းပြည်နယ်

အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း)လွိုင်လင်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါအခမ်းအနားအား ကျင်းပပြုလုပ်ရာ ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးကြည်မြင့်မှ အဖွင့်အမှာစကားပြောကြားပေးခဲ့သည်။

ပင်းတယမြို့နယ်၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေး

ရှမ်းပြည်နယ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော နွေရာသီအခြေခံအားကစားသင်တန်းအား ပင်းတယမြို့ အားကစားခန်းမ၌ အားကစားနည်း(၁၀)မျိုးတို့ကို  အခမဲ့ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မိုင်းယုမြို့၌ ကျောင်းသား၊ ကျောင်းသူများအား နွေရာသီသင်တန်း ယဉ်ကျေးလိမ္မာနှင့် ကွန်ပျူတာအခြေခံ ဖွင့်လှစ်သင်ကြား

ရှမ်းပြည်နယ်(အရှေိ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရန်အတွက် ကျောင်းသား၊ ကျောင်းသူများအား နွေရာသီသင်တန်း ယဉ်ကျေးလိမ္မာနှင့် ကွန်ပျူတာအခြေခံကို ယနေ့နံနက်ပိုင်းက စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

နမ့်စန်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ပန်းချီရေးဆွဲနည်း အခြေခံသင်တန်း (၁/၂၀၂၅)ဖွင့်လှစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပန်းချီရေးဆွဲနည်း အခြေခံသင်တန်း (၁/၂၀၂၅)ကို ယနေ့နံနက် ၉ နာရီက စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ခိုလမ်တွင် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များ နယ်လှည့်ကွင်းဆင်းဌားရမ်းပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက် ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်က ဌာနဆိုင်ရာရုံးများအရောက်  စာအုပ်၊ စာစောင်များကို နယ်လှည့်ကွင်းဆင်းငှားရမ်းပေးခဲ့သည်။

မိုင်းယောင်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းယုမြို့၌ သင်္ကြန်ကာလ ရေကစားအပန်းဖြေလည်ပတ်နိုင်ရန်အတွက် နမ့်လွေချောင်းသောင်ပြင်တွင် ယာယီတဲနှင့် ဈေးဆိုင်များ ဆောက်လုပ်ပြင်ဆင်နေ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် သင်္ကြန်ကာလ ရေကစားအပန်းဖြေလည်ပတ်နိုင်ရန်အတွက် မြို့မရပ်ကွက်၊ ဒေါင်နေကျေးရွာအနီးရှိ နမ့်လွေချောင်းသောင်ပြင်တွင် အပန်းဖြေနေရာ ယာယီတဲနှင့် ဈေးဆိုင်များ ယခုမတ်လ၏ ဒုတိယပတ်မှစတင်၍ ဆောက်လုပ်ပြင်ဆင်နေကြပြီဖြစ်သည်။

ကျေးသီးမြို့၌ လျှပ်စစ်ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းစစ်ဆေးခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့၊ မြို့နယ်လျှပ်စစ်မှူးရုံးမှ ပြည်သူများ လျှပ်စစ်မီတာသုံးစွဲရာတွင် အဆင်ပြေစေရန်နှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် လျှပ်စစ်ဓာတ်အားလိုင်းများ ပြုပြင်ထိန်းသိမ်းစစ်‌ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့ ရွှေတိဂုံစေတီတော်တွင် ကိန်းဝပ်စံပါယ်မည့် သီရိလင်္ကာနိုင်ငံမှ စွယ်တော်ပွားအား ပဋ္ဌာန်းဒေသနာဖြင့် ရွှတ်ဖတ်ပူဇော်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ရွှေတိဂုံစေတီ‌တော်တွင် ကိန်းဝပ်စံပါယ်တော်မူမည့် သီရိလင်္ကာနိုင်ငံ၊ ကန္ဒီမြို့ စွယ်တော်တိုက်တွင် ရင်ငွေ့လှုံထားသည့် ဗုဒ္ဓမြတ်စွာဘုရား၏ လက်ဝဲအောက်စွယ်တော်ပွားအား ပဋ္ဌာန်းဒေသနာတော်မြတ်ဖြင့် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ရွှေတိဂုံစေတီဓမ္မာရုံတော်ကြီးတွင် ကျင်းပပြုလုပ်သည်။

ကလောမြို့နယ်၌ ပထမအကြိမ် ထနော့အမျိုးသားနေ့ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်၊ ကလောမြို့နယ်၊ ငုတ်ကျေးရွာအုပ်စု၊ တောင်ပို့လှကျေးရွာဘုန်းတော်ကြီးကျောင်း၌ ပထမအကြိမ်ထနော့အမျိုးသားနေ့အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသိန်းနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်‌တော်များ၊ ထ‌နော့တိုင်းရင်းသား၊ တိုင်းရင်းသူများ တက်ရောက်ခဲ့ကြသည်။
Subscribe to ရှမ်းပြည်နယ်