ရှမ်းပြည်နယ်

ရပ်စောက်မြို့ ကျောက်တောကျေးရွာ၌ အုပ်စု အုပ်ချုပ်ရေးမှူးဖလား ကျေးရွာအလိုက် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ကျောက်တောကျေးရွာတွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖလား ကျေးရွာအလိုက် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ်၊ ရွှေမြင်ထင်မွေတော်စေတီတော်၏ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်တွင် ရွှေမြင်ထင်မွေတော်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့မနက် ၈ နာရီက ရွှေမြင်ထင်မွေတော်စေတီတော်အနောက်မုဒ်၌ ကျင်းပပြုလုပ်ရာ ဆရာတော်သံဃာတော်များ၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မိဘပြည်သူများ တက်ရောက်ခဲ့ကြသည်။

ပင်လောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာအုပ်ပြပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်

လူငယ်လူရွယ်များစာကြည့်တိုက်နှင့်ပိုမိုရင်းနှီးမှုရှိစေပြီး စာပေဖတ်ရှုသည့်အလေ့အထဖြစ်ပေါ်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် လူထု‌အခြေပြုဗဟိုဌာန စာကြည့်ခန်းတွင် ယနေ့နံနက်ပိုင်းက စာအုပ်ပြပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲကိုပြုလုပ်ခဲ့ကြောင်းသိရသည်။

ခိုလမ်မြို့မစျေးတွင် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ စည်ပင်သာယာမြို့မစျေးတွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များမှ မီးဘေးကြိုတင်ကာကွယ်ရေးကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က ဆောင်ရွက်ခဲ့ပါသည်။

မိုင်းယောင်းမြို့၌ လူငယ်ရေးရာ‌ဆွေးနွေးပွဲ ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က အမှတ်(၄)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် လူငယ်ရေးရာဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် မိုးနဲ(အ.ထ.က) စာစစ်ဌာန မီးဘေးလုံခြုံရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် ပတ်ဝန်းကျင်သန့်ရှင်းသာယာရေး၊ မီးဘေးအန္တရာယ်ကျရောက်မှုနှင့် မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ပင်လုံမြို့၌ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပင်လုံမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးမင်းလှိုင် ဦးဆောင်၍ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

မောက်မယ်မြို့နယ်တွင် နွေရာသီ အခြေခံအားကစားသင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ နွေရာသီ ကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်၊ လူငယ်မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး၊ လူငယ်လူရွယ်အချင်းချင်း ချစ်ခင်စည်းလုံး ညီညွတ်မှုရရှိရေး၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များကာယစွမ်းအား၊ ဉာဏစွမ်းအားတိုးတက်မြင့်မားစေရန်နှင့် ထူးချွန်ထက်မြက်ပြီး အရည်အသွေးပြည့်ဝသော နိုင်ငံ့ဂုဏ်ဆောင်မည့်မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် နွေရာသီအခြေခံ အားကစားသင်တန်းကို မြို့နယ်နမ့်ယွမ်းဂေါက်ကွင်းနှင့် မြို့နယ်နမ့်ယွမ်းခန်းမ၌ ဖွင့်လှစ်လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။

မောက်မယ်မြို့နယ်၌ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စဉ့်ဝင်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၊ ရွာသစ်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ သစ်တောထိန်းသိန်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

မောက်မယ်မြို့နယ်၌ စွမ်းအားမြှင့်မီးဖိုများအား သုံးစွဲသူအိမ်ထောင်စုများထံသို့ ဖြန့်ဖြူးခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စဉ့်ဝင်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၊ ရွာသစ်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုးရီးယား−မြန်မာ ပရောဂျက်ဖြင့် စွမ်းအားမြှင့်မီးဖိုများအား သုံးစွဲသူအိမ်ထောင်စုများထံသို့ ဖြန့်ဖြူးခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်