ခိုလမ် မတ် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ စည်ပင်သာယာမြို့မစျေးတွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များမှ မီးဘေးကြိုတင်ကာကွယ်ရေးကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ မီးဘေးကြိုတင်ကာကွယ်ရေးကွင်းဆင်းစစ်ဆေးရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုး၊ မီးသတ်ဦးစီးဌာန၊ စည်ပင်ဦးစီးဌာန၊ ခိုလမ်နယ်မြေရဲစခန်းနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနတို့ပူးပေါင်း၍ ပွင့်လင်းရာသီရောက်ရှိလာသဖြင့် မီးလောင်မှုကြောင့်ပြည်သူများ၏ အသက်၊အိုးအိမ်၊စည်းစိမ်များ ဆုံးရှုံးမှုမဖြစ်ပေါ်စေရန်အတွက် ကွင်းဆင်းဆောင်ရွက်ရာတွင် လျှပ်စစ်ဝါယာကြိုးသွယ်တန်းထားရှိအသုံးပြုမှု၊ ဟောင်နွမ်းပျက်ဆီးနေသော ဝါယာကြိုးများအသုံးမပြုရန်၊ စျေးဆိုင်များတွင် မီးသတ်ဆေးဗူးထားရှိစေခြင်း၊ မီးသုံးစွဲမှုစနစ်တကျရှိစေရေးစသည့်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့မစျေးမီးဘေးလုံခြံရေးကို အဓိကထားဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်း သိရသည်။
နေလင်းထွန်း(ပြန်/ဆက်)