ပင်လောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာအုပ်ပြပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်

ပင်လောင်း မတ် ၁၀

လူငယ်လူရွယ်များစာကြည့်တိုက်နှင့်ပိုမိုရင်းနှီးမှုရှိစေပြီး စာပေဖတ်ရှုသည့်အလေ့အထဖြစ်ပေါ်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် လူထု‌အခြေပြုဗဟိုဌာန စာကြည့်ခန်းတွင် ယနေ့နံနက်ပိုင်းက စာအုပ်ပြပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲကိုပြုလုပ်ခဲ့ကြောင်းသိရသည်။

ဆေးရောင်ခြယ်ပြိုင်ပွဲတွင် လူငယ်လူရွယ်(၂၁)ဦး ယှဉ်ပြိုင်ဆေးရောင်ခြယ်ကြပြီး၊ ဆေးရောင်ခြယ် လူငယ်လူရွယ်များက မိမိတို့နှစ်သက်ရာ ရုပ်ပုံ၊ ဆေးရောင်များဖြင့် စိတ်ကူးပုံဖော်ပြီး ဆေးရောင်ခြယ်ခဲ့ကြကြောင်း၊ ဆေးရောင်ခြယ်ရာ၌ လက်ရာသေသပ်မှု၊ ဆေးရောင်ညီညာမှု၊ ဆေးရောင်လိုက်ဖက်မှုရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာန ဦးစီးမှူးက ဂုဏ်ပြုဆုချီးပေးခဲ့ကြောင်း၊ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမားတားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်ဓာတ်ပုံများကို လူငယ်လူရွယ်များကကြည့်ရှုခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်