ပင်လုံမြို့၌ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် ကွင်းဆင်းဆောင်ရွက်

ပင်လုံ မတ် ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပင်လုံမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးမင်းလှိုင် ဦးဆောင်၍ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ လိုက်လံစစ်ဆေးရာတွင် ပင်လုံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်သော ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးမင်းလှိုင် ဦးဆောင်၍ ဝန်ထမ်းများနှင့် အတူမြို့ပေါ်ရပ်ကွက်များရှိ ပုဂ္ဂလိကဆေးရုံများ၊ ဟိုတယ်များ၊ စျေးဆိုင်ခန်းများသို့ မီတာသုံးစွဲနေမှုများ ကွင်းဆင်းစစ်ဆေးခြင်း၊ ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများ စစ်ဆေး၍ ဓာတ်အားလိုင်းနှင့် နီးကပ်သော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေပူရေအေးတပ်ဆင်ထားမှုများကို စစ်ဆေးပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်မှုတို့ကို လစဥ်သတ်မှတ်ရက်များအတိုင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပင်လုံမြို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

မြို့နယ်(ပြန်/ဆက်)