ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးဦးစိုင်းလိတ် တောင်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်က တောင်ကြီးမြို့ စိမ်းလန်းစိုပြေရေးအတွက် ၂၀၂၅ ခုနှစ် မိုးရာသီ၌ သစ်ပင်စိုက်ပျိုးနိုင်ရန် မြေနေရာရှာဖွေထားရှိမှုများနှင့် မြေပြုပြင်နေမှုများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။