ရပ်စောက်မြို့ ကျောက်တောကျေးရွာ၌ အုပ်စု အုပ်ချုပ်ရေးမှူးဖလား ကျေးရွာအလိုက် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲကျင်းပ

ရပ်စောက် မတ် ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ကျောက်တောကျေးရွာတွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖလား ကျေးရွာအလိုက် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ‌ဧည့်ပရိသတ်များက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်က အဖွင့်အမှာစကားပြောကြားပြီး တာဝန်ရှိသူများက ဆုဖလား၊ ဆုတံဆိပ်များနှင့် ဘောလုံးများ ပေးအပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ တိုင်းရင်းသားအကများဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်က ကျောက်တောအသင်းနှင့် ရုပ်ငယ်(က) အသင်းကစားသမားများအား နှုတ်ခွန်းဆက်စကားပြောကြားကာ ဘောလုံးပွဲကို စတင်ခဲ့သည်။

ပထမပွဲစဉ်တွင် အုပ်စု (က) မှ ကျောက်တောအသင်းနှင့် ရုပ်ငယ်(က) အသင်းတို့ ယှဉ်ပြိုင်ကစားရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဘောလုံးဝါသနာရှင်များ၊ ရပ်ကွက်/ကျေးရွာအသီးသီးမှ ပရိသတ်များလာရောက် ကြည့်ရှုအားပေးကြသည်။ အဆိုပါ ဘောလုံးပွဲတွင် ကျောက်တောကျေးရွာအတွင်းရှိ ‌ကျေးရွာများမှ ဘောလုံးအသင်း (၁၃) သင်းတို့က မတ်လ ၉ ရက်နေ့မှ ၂၇ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်