မိုင်းယောင်းမြို့၌ လူငယ်ရေးရာ‌ဆွေးနွေးပွဲ ပြုလုပ်

မိုင်းယောင်း မတ် ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က အမှတ်(၄)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် လူငယ်ရေးရာဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ  မိုင်းယောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက နွေရာသီအားကစားသင်တန်းဖွင့်လှစ်ရာတွင် မိမိတို့ရပ်ကွက်အတွင်းရှိ လူငယ်များအနေနှင့် တစ်စုတစ်ဖွဲ့တည်းသာမက လူငယ်အဖွဲ့များအားလုံး တက်ရောက်နိုင်စေရေးမှာကြားပြီး လူငယ်ရေးရာဆွေးနွေးပွဲကို တက်ရောက်လာသူများက လူငယ်ရေးရာဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)