မောက်မယ် မတ် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စဉ့်ဝင်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၊ ရွာသစ်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုးရီးယား−မြန်မာ ပရောဂျက်ဖြင့် စွမ်းအားမြှင့်မီးဖိုများအား သုံးစွဲသူအိမ်ထောင်စုများထံသို့ ဖြန့်ဖြူးခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစွမ်းရည်ထူးက လျှပ်စစ်မီးမရသည့် ကျေးရွာနေပြည်သူများ အဆင်ပြေစေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုးရီးယား−မြန်မာ ပရောဂျက်ဖြင့် စွမ်းအားမြှင့်မီးဖိုများအား သုံးစွဲသူအိမ်ထောင်စုများထံသို့ ဖြန့်ဖြူးခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက စွမ်းအားမြှင့်မီးဖိုများ (၄၅၂) လုံးအား သုံးစွဲသူပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)