မိုးနဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်း
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ်(၁၄) ပန်အူအခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များကို အခမဲ့ကွင်းဆင်းငှားရမ်းဖတ်ရှုစေခဲ့ကြောင်း သိရသည်။