လင်းခေးမြို့နယ် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ

လင်းခေး ဇူလိုင် ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်(နွယ်ဝတီ)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ လင်းခေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်းထက်က အဖွင့်အမှာစကားပြော ကြားခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းဥက္ကဋ္ဌ၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးမြဝင်းက အသင်း၏ လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခြင်း၊ အသင်းဒုတိယဥက္ကဋ္ဌ ဦးချိုနိုင်က (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးလက်ကျန်ရှင်း တမ်းဖတ်ကြားခြင်း၊ အသင်းသားများမှ အကြံပြုဆွေးနွေးတင်ပြခြင်းနှင့် ဆွေးနွေးတင်ပြချက်များအပေါ် အသင်းအမှုဆောင်အဖွဲ့ တာဝန်ရှိသူတို့က ပြန်လည်ဖြည့်စွက်ရှင်းလင်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။ ယင်းနောက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်  ရှင်းတမ်းများအား အတည်ပြုချက်ရယူခဲ့ကြပြီးနောက် အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အဆိုပါအစည်းအဝေးသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ အသင်းလီမိတက်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အသင်းသူအသင်းသားများ စုစုပေါင်း(၅၀၀)ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။

စိုင်းဇော်လတ်(လင်းခေး)