ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်လမ်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်နယ်အစိုရရန်ပုံငွေ (၂၉.၅၀)သန်းဖြင့် မိုင်းတုံ-မိုင်းတာဆန်းသွားလမ်းရှိ 235km- 235.63km အတွင်း အရှည် (၈၂၀)ပေ ဘေးဝဲယာရှိ လမ်းပခုံးမြေသားများ ပဲ့ကျသောနေရာအား မျောတုတ်ရိုက်ခြင်းလုပ်ငန်းကို လမ်းအထူး(၃)အဖွဲ့မှ ဦးဆောင်၍ စတင်ဆောင်ရွက်နေမှု အခြေအနေအား မြို့နယ် တည်ဆောက်ရေး လုပ်ငန်းများ ကြီကြပ်မှုကော်မတီဥက္ကဋ္ဌ ဦလွင်မိုး၊ အတွင်းရေးမှူး ဦးရဲအောင်နိုင် (ဦးစီးအရာရှိ၊ မြို့ပြ) လမ်းအထူး(၃) ဦးဆန်းထွန်းဝင်း (အငယ်တန်း အင်/ယာ-၂ မြို့ပြ)တို့ ပူးပေါင်း၍ ယမန်နေ့ (၁၃:၃၀)နာရီအချိန်က ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ရာ လမ်းအထူး(၃) မှ ဦးဆန်းထွန်းဝင်း (အငယ်တန်း အင်/ယာ-၂ မြို့ပြ)နှင့် တာဝန်ရှိသူက လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။