မိုးနဲမြို့၌ မိုးစပါးစိုက်ခင်းများ ရေကြီးနစ်မြှုပ်မှုမဖြစ်ပေါ်စေရေး တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

မိုးနဲ ဇူလိုင် ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နောင်မြိုင်းကျေးရွာအုပ်စုရှိ မိုးစပါး စိုက်ခင်းများ မိုးရွာသွန်းမှုကြောင့် ရေကြီးနစ်မြှုပ်မှုမဖြစ်ပေါ်စေရေးနှင့် ရေချောင်းများရေစီးရေလာကောင်းမွန်ရေးအတွက် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာနနှင့် မြို့နယ်ဆည်မြောင်းဌာနတို့မှ တာဝန်ရှိသူများက နောင်မြိုင်းကျေးရွာအုပ်စုအတွင်းရှိ မိုးစပါးစိုက်ခင်းများ ရေကြီးနစ်မြှုပ်မှုမဖြစ်ပေါ်စေရန်အတွက် နမ့်တွန်ချောင်း၊ နမ့်စလိုင်ချောင်း တလျှောက်ရေစီးရေလာကောင်းမွန်မှုရှိ/မရှိကို ကွင်းဆင်းကြည့်ရှုခဲ့‌ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)